လ - ဧပြီ 2017

သွားခွင့်ပြုခြင်း

ကျွန်မတို့၏ မင်္ဂလာနှစ်ပတ်လည်အတွက် ကျွန်မနှင့်အတူ ကဗျာဆန်ဆန်ခရီးစဉ်ကို အတူခံစားနိုင်အောင် ကျွန်မအမျိုးသားက ခြေနင်းနှစ်စုံပါသည့် စက်ဘီးကို ငှားခဲ့သည်။ စက်ဘီးကို စစီးသည်နှင့် အနောက်မှစက်ဘီးစီးနင်းသူ ကျွန်မ၏ ရှေ့မြင်ကွင်းကို ကျွန်မအမျိုးသား၏ပုခုံးကျယ်ကြီးက ပိတ်ဆို့ထားကြောင်း သတိထားမိလိုက်သည်။ ကျွန်မ၏စက်ဘီးလက်ကိုင်က အသေဖြစ်ပြီး စက်ဘီးကို ပဲ့ကိုင် မထိန်းနိုင်ပါ။  အရှေ့ လက်ကိုင်သမားသာ ကျွန်မတို့၏ ဦးတည်ရာကို ဦးဆောင်နေပြီး ကျွန်မလက်ကိုင်ကတော့ ကျွန်မ၏ခန္ဓာကိုယ်အပေါ်ပိုင်း တည်ငြိမ်စေရေးအတွက်သာ  အထောက်အကူဖြစ်သည်။ ကျွန်မအနေနှင့် ဘာမှ မလုပ်နိုင်သည့် မိမိ၏အခြေအနေကို စိတ်ပျက်မလား သို့မဟုတ် ခရီးစဉ်အတွက် ကျွန်မခင်ပွန်း Mike ကို စိတ်ချပြီး သူ့ဦးဆောင်မှုနှင့် ခရီးစဉ်ကိုလက်ခံမလားဆိုသည်ကို ရွေးချယ်ရတော့သည်။
ဘုရားသခင်က အာဗြံအား သူ၏ဇာတိမြေနှင့် မိသားစုကိုထားခဲ့ပြီး ထွက်သွားရန် မိန့်ကြားသည့်အခါ ခရီးစဉ်၏လမ်းဆုံးပန်းတိုင်နှင့် ပတ်သက်ပြီး အာဗြံကို ဘုရားသခင် များများစားစား မပြောခဲ့ပါ။ ပထ၀ီ/မြေနေရာနှင့် နယ်မြေသစ်အကြောင်းများကို  မပြောပြ၊  …

မွှေးကြိုင်သောရနံ့

စာရေးဆရာမ ရီတာစနိုးဒင်း က အင်္ဂလန်နိုင်ငံ၊ ဒိုဗာဒေသရှိ ရွာလေးသို့ သွားရောက် လည်ပတ်စဉ်  ကြည်နူးဖွယ်ရာ အဖြစ်လေးတစ်ခုကို ပြောပြသည်။ တစ်ညနေတွင် ကဖေး  တစ်ခု၏အပြင်ဘက်၌ လက်ဖက်ရည်ထိုင်သောက်နေစဉ် အလွန်မွှေးကြိုင်သည့် မွှေးရနံ့ကို သူသတိထားမိသည်။ သို့နှင့် စားပွဲထိုးလေးအား အမွှေးရနံ့ ဘယ်ကလာ သနည်းဟု မေးကြည့်ရာ သူမြင်နေရသည့် ဖြတ်သန်း သွားလာနေသူများထံမှလာကြောင်း စားပွဲထိုးက ပြန်ဖြေ သည်။ ရွာသားအများစုသည် ရွာအနီးရှိ ရေမွှေးစက်ရုံ၌ အလုပ်လုပ်ကြသည်။ သူတို့အိမ်ပြန်လာသည့်အခါ ရေမွှေး ရနံ့က သူတို့အ၀တ်အစားတွင် စွဲကျန်ရစ်ပြီး လမ်းပေါ်တွင်ပါ မွှေးကြိုင်နေခြင်း ဖြစ်သည်။
ခရစ်ယာန်များ၏အသက်တာကို ထင်ဟပ်ပြ နေသည့် အလွန်လှပသောပုံရိပ်ပင်။ တမန်တော် ရှင်ပေါလု ပြောသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၏အမွှေးအကြိုင်များ ဖြစ်ပြီး ထိုရနံ့ကို နေရာအနှံ့သို့  ပျံ့နှံ့စေရပါမည် (၂ကော ၂း၁၅)။  ရှေးခေတ်က စစ်ပွဲမှ ပြန်လာသောရှင်ဘုရင်၏နောက်တွင်…

ရှုခင်းအလှကို ခံစားခြင်း

‘‘နေ၀င်ဆည်းဆာချိန်’’ ဆိုလျှင် လူအများက လုပ်လက်စအလုပ်များရပ်ကာ ဆည်းဆာ၏ လှပသောရှုခင်းကို ငေးမောခံစားကြသည်။ ဓာတ်ပုံရိုက်ကြသည်။
မကြာသေးမီက ကျွန်တော်တို့ဇနီးမောင်နှံသည် မက္ကဆီကိုပင်လယ်ကွေ့တွင် နေ၀င်သွားပုံကို စောင့်ကြည့်ခဲ့ကြသည်။ ကျွန်တော်တို့အနီးတွင် အခြားသူများလည်း     ညဘက်ကူးပြောင်းသည့်ဖြစ်စဉ်ကြီးကို ကြည့်ရှုရန် စုဝေး ၀ိုင်းအုံ နေကြသည်။ နေလုံးကြီးက မိုးကုပ်စက်ဝိုင်းသို့လျှောဝင် သွားသောအခါ လူအုပ်ကြီးကလည်း လက်ခုပ်သြဘာပေး ကြသည်။
အဘယ်ကြောင့် လူတို့ထိုသို့ တုံ့ပြန်ကြသနည်း။ ဆာလံကျမ်း၌ အဖြေအတွက် သဲလွန်စလေးပေးထားသည်။ ‘ဘုရားသခင်သည် နေအား ၎င်းကိုဖန်ဆင်းထားသူကို ချီးမွမ်းရန် အမိန့်ပေးကြောင်း’ ဆာလံဆရာက ရေးသား ထားသည် (ဆာလံ ၁၄၈း၃)။ ကမ္ဘာမြေ၏မည်သည့် နေရာမဆို နေရောင်ခြည် ကျရောက်သည်ဖြစ်စေ၊  ထိုရောင်စဉ်များနှင့်အတူ လိုက်ပါချီးမွမ်းရန် လူတို့နိုးဆော်ခံရသည်။
သဘာဝတရားအားဖြင့် ကျွန်ုပ်တို့ခံစားရသည့် အလှတရားများက ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ကို စကားပြောသည်။ ထိုအလှတရားများက  မိမိလုပ်လက်စအရာကို ရပ်တန့်စေသည်၊ အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်သည်သာမက…

သခင်ယေရှုနှင့်အတူ အိမ်တော်မှာ

“အိမ်ထက်ပိုကောင်းသောနေရာ မရှိ” ဆိုသည့်စာစုလေးက မိမိနားခိုရန်နေရာ၊ မိမိဖြစ်တည်ရန်နေရာ၊ မိမိနှင့် သက်ဆိုင်ပတ်သက်သောနေရာလေးတစ်ခု လိုအပ် ကြောင်း ကျွန်ုပ်တို့၏ရင်ထဲတွင် စွဲမြဲစွာအမြစ်တွယ်လျက်ရှိသည့် တောင့်တစိတ်ကို ထင်ဟပ်ဖော်ပြနေသည်။ ထိုတောင့်တတမ်းတစိတ်သည် စွဲမြဲစွာ အမြစ်တွယ်နေကြောင်း သခင်ယေရှုမိန့်ကြားခဲ့သည်။ သခင်ယေရှုနှင့် သူ၏ မိတ်ဆွေများ နောက်ဆုံးညစာ စားသုံးပြီးသည်နောက်တွင် သခင်က သူအသေခံရမည့်အချိန် နီးကပ်လာပြီ ဖြစ်ကြောင်း နှင့် သူရှင်ပြန်ထမြောက်မည့်အကြောင်းကို ပြောရင်း  သူသည် အဝေးတစ်နေရာကို ထွက်သွားမည် ဖြစ်သော်လည်း ပြန်လာ မည်၊ သူတို့ကိုပြန်လည်သိမ်းဆည်းမည်ဟု ကတိပေးခဲ့သည်။ သူတို့အတွက် နေရာ၊ အခန်း၊ အိမ် ပြင်ဆင်ပေးမည် ဖြစ်သည်။
ထိုနေစရာအရပ်ကို သူတို့အတွက်သာမက ကျွန်ုပ်တို့အတွက်ပါ သခင် ပြင်ဆင်ပေးခဲ့သည်။ ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်တွင် အပြစ်ကင်းသူအနေဖြင့် သခင်အသေခံပြီး ဘုရားသခင်၏ပညတ်ကို ပြည့်စုံစေသည်။ တပည့်တော်များအတွက် နေရာပြင်ဆင်နိုင်ရေး ဝေဒနာလမ်းကို  သခင်လျှောက်ခဲ့သည်ဆိုလျှင်  သူတို့ကို မစွန့်၊…

ဘာသာတရားလော၊ ခရစ်တော်လော

ဘာသာတရားလော၊  ခရစ်တော်လော၊ မည်သို့သောခြားနားမှုရှိသဖြင့် ...

ခြားနားချက် ပြုလုပ်လောက်ပါရဲ့လား။ သို့မဟုတ်ပါက ယင်းအချက်သည် စကားလုံးမျှသာလော။ ၈၅% သော အမေရိကန်ပြည်သူပြည်သားတို့သည် ဘာသာအယူဝါဒ၌ သက်ဝင်ယုံကြည်ကြောင်း လေ့လာချက်စစ်တမ်းက အားရကျေနပ်ဖွယ်ကောင်းပါသလား။ သခင်ယေရှု လောက၌အသက်ရှင်စဉ်က ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည့် ဘာသာရေးဝါဒီများ၏မုန်းတီးခြင်းကို ခံခဲ့ရသည်ဟူသော အမှန်တရားအောက်၌ ဘာသာရေးအား ပြန်လည်ဆန်းစစ်ရန် မသင့်သလော။

ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားတို့အကြား အခြေခံကျသော ကွဲပြားခြားနားမှုရှိသည်ဟု ယုံကြည်သိမြင်ချက်ဖြင့် ဤစာအုပ်ငယ်ကလေးအား Mart DeHaan က ရေးသားလိုက်ခြင်းဖြစ်၏။ ခရစ်တော်ဘုရား ဤမြေပေါ်၌ အသက်ရှင်ခဲ့စဉ်က ဖာရိရှဲတို့၏အကြောင်းကို လေ့လာခြင်းဖြင့် ခရစ်တော်ကိုယုံကြည်ခြင်းနှင့် ဘာသာတရားအကြား ကွာခြားချက်ကိုသာမက မိမိအကြောင်းကို အတွင်းကျကျသိမြင်လာကြမည်ဖြစ်တော့သည်။